စွန့်ပစ်ခြင်းကို ခံခဲ့ရတဲ့ အဖွားအတွက် လိုအပ်တာတွေအကုန်လုံးကို ကူညီထောက်ပံ့သွားမယ့် ဂျွန်လွင်

February 29, 2020 admin 0

ဂျွန်လွင်ကတော့ အနုပညာရှင်တွေကို မွေးထုတ်ပေးနေတဲ့ အနုပညာလောကအတွက်မရှိမဖြစ် ဆရာတစ်ဦးပဲဖြစ်ပါတယ်။ တပည့်တွေအပေါ်မှာလည်း စေတနာအပြည့်အဝထားတဲ့ ဆရာကောင်းတစ်ယောက်ပီသသလို မွန်မြတ်လှတဲ့ စိတ်ထားလေးကိုလည်း ပိုင်ဆိုင်ထားတဲ့ သူပါ။ ရှာဖွေထားတဲ့ ချွေးနည်းစာတွေထဲကနေ အကူအညီလိုအပ်နေတဲ့ သူတွေကိုလည်း တက်စွမ်းသ၍ကူညီပေးနေတဲ့ စေတနာရှင်ကြီးလည်းဖြစ်ပါတယ်။ ဂျွန်လွင်က မွေးရာပါဦးနှောက်ထဲ အရည်စုပြီး ဦးခေါင်းခွံကြီးရောဂါဖြစ်နေတဲ့ (၂)ရက်သားကလေးငယ်လေးအတွက် ဆေးကုသစရိတ်တွေလှူဒါန်းခဲ့သလို လုပ်ငန်းခွင်မှာ […]

နိုင်ငံတော်သမ္မတ(ငြိမ်း)ဦးသိန်းစိန် မကြာမီဒူးခေါင်းခွဲစိပ်ကုသမှုခံယူမည်

February 29, 2020 admin 0

နိုင်ငံတော်သမ္မတ(ငြိမ်း)ဦးသိန်းစိန် မကြာမီဒူးခေါင်းခွဲစိပ်ကုသမှုခံယူမည်ဖြစ်ကြောင်း သိရသည်။ ရန်ကုန်မြို့၊ ဒဂုံမြို့နယ်၊ တိပိဋကနိကာယကျောင်းတော်တွင် ဖေဖော်ဝါရီ ၂၉ ရက်မနက်အစောပိုင်းက ကျင်းပသည့်စာဖြေသံဃာတော်များအားကျမ်းစာဆပ်ကပ်လှူဒါန်းခြင်းနှင့် နေ့ဆွမ်းဆပ်ကပ်သည့် အခမ်းအနားတွင် နိုင်ငံတော်သမ္မတ(ငြိမ်း)ဦးသိန်းစိန်က အကုန်သိသတင်းဌာနထံဖြေကြားပေးခြင်းဖြစ်သည်။  “ဒူးကနာတော့ကြာကြာမထိုင်နိုင်ဘူး။ မကြာခင်လည်းဒူးကခွဲဖို့ရှိတယ်’’ဟု ၄င်းက အကုန်သိသတင်းဌာနသို့ ပြောသည်။နိုင်ငံတော်သမ္မတငြိမ်းဦးသိန်းစိန်သည်အသက် ၇၀ ကျော်ရှိပြီဖြစ်ကာ နှလုံးတွင်လည်း စက်တပ်ထားရကြောင်း သိရသည်။ ယခု […]

ကော်ရိုနာဗိုင်းရပ်စ်ကူးစက်ခံရထားသော အီရန်လွှတ်တော်အမတ်တစ်ဦး သေဆုံး

February 29, 2020 admin 0

အီရန်နိုင်ငံတွင် ကော်ရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရသော  လွှတ်တော်အမတ်တစ်ဦးသည် သေဆုံးသွားကြောင်း  အီရန်သတင်းဌာန၏ ထုတ်ပြန်ချက်အရ သိရှိရသည်။ လွှတ်တော်အမတ် Mohammad Ali Ramazani Dastak သည် အသက်ရှုလမ်းကြောင်းနှင့် အဖျားရောဂါ ခံစားရပြီးနောက် ဆေးရုံတက်ကုသမှု ခံယူပြီးနောက်ကွယ်လွန်သွားခဲ့ကြောင်း၊ ၎င်းတွင် ကော်ရိုနာဗိုင်းရပ်စ်ကူးစက်ခံနေရသည်ကို စစ်ဆေးတွေ့ရှိရကြောင်း  သိရှိရသည်။ အဆိုပါ လွှတ်တော်အမတ်သည် ကော်ရိုနာဗိုင်းရပ်စ်ကူးစက်ခံရသော […]

ကိုယ်ပိုင်ဝင်ငွေထဲက အလှူလုပ်ဖို့ ပိုက်ဆံအမြဲစုတယ်ဆိုတဲ့ နေခြည်ဦး

February 29, 2020 admin 0

ဒါပေမယ့် ဖေ့စ်ဘွတ်ပေါ် သိပ်မတင်ဖြစ်ဘူး။ နေခြည်ဦးကတော့ သူမရဲ့ ငွေကြေးတွေထဲက အလှူအတန်းလုပ်ခွင့်ရတာ အရမ်းပျော်နေမိတယ်လို့ဆိုပါတယ်။  နေခြည်ဦးကတော့ အလှူအတန်းနဲ့ ပတ်သက်လာရင် စိတ်အားထက်သန်တယ်လို့ ဆိုပါတယ်။ သူမရဲ့ အနုပညာကြေးတွေထဲကနေ အလှူလုပ်ဖို့ဆိုပြီးတော့ ပိုက်ဆံသက်သက် စုဖြစ်တယ်လို့ သူကပြောပါတယ်။  “ နေခြည့်မှာ နောက်ပြန်ကြည့်ရမယ့် မိသားစု ဆိုတာ မရှိသေးဘူး။ […]

ထိုင်းနိုင်ငံမှာ မိခင်ဖြစ်သူကို သတ်ဖြတ်ခဲ့ပြီး သမီးဖြစ်သူအား မုဒိန်းကျင့်ခဲ့သူ ဖမ်းဆီးခံရ

February 29, 2020 admin 0

ထိုင်းနိုင်ငံ Wiang Pa Pao ခရိုင် Hua Wiang ကျေးရွာရှိ လက်ထောက်ရွာသူကြီးကို မိခင်ဖြစ်သူအား သတ်ဖြတ်မှု၊ သမီးဖြစ်သူအား မုဒိမ်းကျင့်မှုနဲ့ တရားစွဲဆိုဖမ်းဆီးလိုက်ပါတယ်။  Hua Wiang ကျေးရွာ လက်ထောက်ရွာသူကြီးဖြစ်တဲ့ အသက် ၃၅ နှစ်အရွယ် အမျိုးသားဟာ ဒီရာဇ၀တ်မှုကို ကျေးရွာသူကြီးဆီမှာ သောကြာနေ့က […]

စင်ကာပူမှာ ဗိုင်းရပ်စ်တိုက်ဖျက်ရေး ဝန်ထမ်းတွေကို ဘောနပ်စ်ပေးပြီး နိုင်ငံရေးခေါင်းဆောင်များ လစာလျှော့ယူမည်

February 29, 2020 admin 0

လခတစ်လစာ ပမာဏရှိ အထူးဘောနပ်စ် ပေးအပ်ချီးမြှင့်သွားမှာပါ။စင်ကာပူမှာ ဗိုင်းရပ်စ်ကူးစက်မှု ထိန်းချုပ်တိုက်ဖျက်ရေး အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေကြတဲ့ ပြည်သူ့ဝန်ထမ်းတွေကို အစိုးရက လခတစ်လစာ ပမာဏရှိ အထူးဘောနပ်စ် ပေးအပ်ချီးမြှင့်သွားမယ်လို့ သိရပါတယ်။ စင်ကာပူ ဒုတိယဝန်ကြီးချုပ်နဲ့ ဘဏ္ဍာ‌ရေးဝန်ကြီး Heng Swee Keat က အဆိုပါ ပြည်သူ့ဝန်ထမ်းတွေကို […]

ပဲခူးတိုင်းအတွင်း စတုတ္ထတန်းနှင့် အဌမတန်း မေးခွန်းများ ပေါက်ကြားမှု အမှုဖွင့်

February 29, 2020 admin 0

၂၀၁၉ – ၂၀၂၀ ပညာရေးနှစ်အတွက် ပဲခူးတိုင်းအတွင်းကနေ စတုတ္ထတန်းဖြေဆိုသူ ၁ သိန်းဝန်းကျင်နဲ့ အဌမတန်း ဖြေဆိုသူ ၇ သောင်းလောက်ရှိပြီး အဲဒီအတန်းတွေကို ဖေဖဖော်ဝါရီ ၂၄ ရက်နေ့ကစပြီး စားမေးပွဲ စစ်ဆေးနေပါတယ်။ စာစစ်ဌာနတွေမှာလည်း မေးခွန်းထားတဲ့ မေးခွန်းတိုက်ထဲမှာ စနစ်တကျ သိမ်ဆည်းထားပြီး ဖြေဆိုမယ့်မနက် စာမေးပွဲအချိန်နီးမှ […]

တောင်ကိုရီးယားကပြန်လာတဲ့ ကျောင်းသူ(၇)ဦးကို ဝေဘာဂီဆေးရုံမှာစောင့်ကြည့်ထား

February 28, 2020 admin 0

ဒီကနေ့ မနက်ပိုင်းက မြန်မာနိုင်ငံကိုပြန်လည်ရောက်ရှိလာတာဖြစ်ပါတယ်။ တောင်ကိုရီးယားကို ပညာတော်သင်သွားပြီး ဒီကနေ့ဖေဖော်ဝါရီလ(၂၈)ရက်နေ့ မနက်ပိုင်းက ရန်ကုန်ကိုပြန်လည်ရောက်ရှိလာတဲ့ မြန်မာကျောင်းသူ(၇)ဦးကို ဘောဂီဆေးရုံမှာ သီးသန့်ထားပြီး စောင့်ကြည့်နေတယ်လို့ သိရပါတယ်။ အဆိုပါ ကျောင်းသူ (၇)ဦးရဲ့ ကျန်းမာရေးမှာ ကောင်းမွန်နေသော်လည်း လက်ရှိမှ ရောဂါကူးဆက်မှုခံနေရတဲ့ နိုင်ငံကပြန်လာတာကြောင့် စိတ်ချရအောင် စောင့်ကြည့်တဲ့ သဘောပါလို့ ဗဟိုကူးဆက်ပြန့်ပွားမှုထိန်းသိမ်းရေးဌာနခွဲမှ […]

ကိုရိုနာဗိုင်းရပ်စ်ကြောင့် မြန်မာနိုင်ငံမှာ လူ(၄)ဦးသေဆုံးသွားပြီဆိုတဲ့သတင်းက သတင်းအမှားသာဖြစ်

February 28, 2020 admin 0

ကူးစက်ခံရသူတောင်မရှိသေးဘူးလို့ ကျန်းမာရေးဝန်ကြီးဌာနကထုတ်ပြန်ထားပါတယ်။ လတ်တလော လူမှုကွန်ရက်မှာ ပျံ့နှံ့နေတဲ့ ကိုရိုနာဗိုင်းရပ်စ်ရောဂါကြောင့် မြန်မာနိုင်ငံမှာ သေဆုံးသူ (၄)ဦးထိ ရှိနေပြီး ကူးဆက်ခံထားရသူတွေလည်းရှိနေတယ်ဆိုတဲ့ သတင်းက သတင်းအမှားသာဖြစ်တယ်လို့ ရန်ကုန်နာရေးကူညီမှုအသင်းက အသိပေးပြောကြားခဲ့ပါတယ်။  photo- ရန်ကုန်နာရေးကူညီမှုအသင်း(ပျံ့နှံ့နေ‌သော သတင်းအမှားပုံရိပ်များဖြစ်ပြီး H1N1ဖြစ်ပွားခဲ့တုန်းက ပုံရိပ်များဖြစ်ပါတယ်) မြန်မာနိုင်ငံမှာ H1N1 ရောဂါဖြစ်ပွားစဉ်အတွင်းက ရန်ကုန်နာရေးကူညီမှုအသင်းက ကူညီဆောင်ရွက်ပေးခဲ့တဲ့ […]

လည်လှီးသတ်ဖြတ်၍ လက်ဝတ်ရတနာလုယက်မှု စစ်တွေမြို့၌ဖြစ်ပွား

February 28, 2020 admin 0

နေအိမ်အတွင်းကျူးကျော်ကာ အိမ်ရှင်အမျိုးသမီးကိုလည်လှီးဖြတ်၍ လက်ဝတ်ရတနာလုယက်ထွက်ပြေးမှု စစ်တွေမြို့၌ဖြစ်ပွားကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ အိုးတန်းရပ်ကွက်၌ ဖေဖော်ဝါရီလ ၂၈ ရက်၊ ယနေ့ နေ့ခင်း ၁၂ နာရီခန့်က လူသတ်မှုဖြစ်ပွားကြောင်းသတင်းရရှိသဖြင့်တာဝန်ရှိသူအသိသက်သေပူးပေါင်းအဖွဲ့နှင့် နာရေးကူညီမှုအသင်းတို့က သွားရောက်စစ်ဆေးခဲ့ကြသည်။ စစ်ဆေးချက်အရ အခင်းဖြစ်နေအိမ်၌ အိမ်ရှင်ဒေါ်မာကျော့(၅၃)နှစ်မှာ လည်ပင်းလှီးဖြတ်ဒဏ်ရာဖြင့် မီးဖိုခန်း၌ ထမင်းစားတန်းလန်းအနေအထားအနေအထားဖြင့် စားပွဲအနီး၌ပက်လက်လန်လဲကျသေဆုံးနေသည်ကို […]