သီပေါမင်းရဲ့ စတုတ္ထသမီးတော်ကို လက်ဆက်ဖို့ ထိုင်းမင်းသားတပါးက ကမ်းလှမ်းခဲ့ဖူးပေမယ့် ဘုန်းကြီးလူထွက်နဲ့ ယူခဲ့ရ

သီပေါမင်းရဲ့ မြေးတော်စပ်တဲ့ ထိပ်စုဘုရားကြီး က သူ ဆယ်ကျော်သက် အရွယ်တုန်းက ထိုင်းမင်းသား တပါးနဲ့ လက်ဆက်ဖို့ ကမ်းလှမ်းခံရဖူးတယ်လို့ ဆိုပါတယ်။ ဒီအချိန်က သူ ကွန်ဗင့်ကျောင်းမှာ စာသင်နေတုန်းလို့ ဆိုပါတယ်။

ထိပ်စုဘုရားကြီး

အဲဒီ ထိုင်းမင်းသားဟာ နောင်မှာ အာနန္ဒာ အမည်နဲ့ နန်းတက်ခဲ့ပြီး အသက် ငယ်ငယ်နဲ့ သေနတ်ထိမှန် နတ်ရွာစံခဲ့ပါတယ်။

king
ထိုင်းဘုရင် အာနန္ဒာ

သူ့နေရာ ဆက်ခံသူက ညီတော်တဲ့ ထိုင်းဘုရင် ဘူမိဘောပါ။ ထိုင်းဘက်က လက်ဆက်ဖို့ မကမ်းလှမ်းခင် ကလည်း သူ့မိဘတွေက ညောင်ရွှေစော်ဘွား စဝ်ရွှေသိုက်နဲ့ နေရာချပေးဖို့ စီမံခဲ့တယ်လို့ သက်တော် ၉၅ နှစ် ရှိပြီ ဖြစ်တဲ့ ထိပ်စုဘုရားကြီးက မိန့်ကြား ပါတယ်။

king
ရတနာဂီရိရောက် သီပေါမင်း သမီးတော်များ

ဒီအရင်ကလည်း သူ့မယ်တော် သီပေါမင်းရဲ့ စတုတ္ထ သမီးတော်ကို လက်ဆက်ဖို့ ထိုင်းမင်းသား တပါးက ကမ်းလှမ်းခဲ့ဖူးကြောင်း မြန်မာ သမိုင်း အဖွဲ့ ဒုတိယ ဥက္ကဋ္ဌ ဦးသန်းဆွေ (မောင်သန်းဆွေ -ထားဝယ် ) က ပြောပါတယ်။ အဲဒီအချိန်က စတုတ္ထ သမီးတော်နဲ့ ကိုကိုနိုင်တို့ ချစ်ကြိုက်နေပြီမို့ မဖြစ်မြောက် ခဲ့ဘူးလို့လည်း ဆိုပါတယ်။ ဒါတွေဟာ သီပေါမင်း နတ်ရွာစံပြီး စုဘုရားလတ် ရန်ကုန် ပြန်ရောက်မှ ဖြစ်တာတွေ လို့လည်း ဆိုပါတယ်။

king
ဦးမောင်မောင်ခင်နဲ့ ထိပ်စုဘုရားကြီး

ဒီမင်းသားဟာ ထိုင်းဘုရင် ဘူမိဘောရဲ့ ဘိုးတော် ချူလာလောင်ကွန်တို့နဲ့ တန်းတူ မင်းသားတပါး ဖြစ်တယ်လို့လည်း ဆိုပါတယ်။ ထိပ်စု ဘုရားကြီးနဲ့ လက်ဆက်သူကတော့ မွန်မင်း အဆက်အနွယ်ထဲက ဦးမောင်မောင်ခင် ဖြစ်ပြီး နန်းရင်းဝန်ဟောင်း ဒေါက်တာဗမော်ရဲ့ တူလည်း ဖြစ်ပါတယ်။

king
ထိပ်စုဘုရားကြီးတို့ မောင်နှမတွေ ငယ်စဉ်က

ဘီဘီစီ

Be the first to comment

Leave a Reply

Your email address will not be published.


*