ဗိုင်းရပ်စ်ကူးစက် သံသယကြောင့် ဆိပ်ကမ်းများစွာက လက်မခံတဲ့ အပျော်စီးသင်္ဘောကြီး ကမ္ဘောဒီးယားမှာ ဆိုက်ကပ် ဆင်းသက်ခွင့်ရ

ဗိုင်းရပ်စ် ကူးစက်လူနာပါလာမှာ စိုးရိမ်တာကြောင့် ထိုင်း၊ ဂျပန်အပါအ၀င် နိုင်ငံငါးနိုင်ငံရဲ့ ဆိုက်ကပ်ခွင့် ငြင်းပယ်ခံရကာ ပင်လယ်ပြင်မှာ သီတင်းနှစ်ပတ်ကြာ ရွက်လွှင့်နေရတဲ့ အပျော်စီး သင်္ဘောကြီးဟာ ကမ္ဘောဒီးယားနိုင်ငံမှာ ဆိုက်ကပ်ခွင့်ရခဲ့ကာ သောကြာနေ့ (ဖေဖော်ဝါရီ ၁၄) မှာ ခရီးသည်တွေ စတင် ဆင်းသက်နေခဲ့ပြီဖြစ်ပါတယ်။

Image may contain: 6 people, people standing, sky and outdoor

ခရီးသည် ၁၄၅၅ ဦးနဲ့ သင်္ဘောအမှုထမ်း ၈၀၂ လိုက်ပါလာတဲ့ MS Westerdam သင်္ဘောကြီးဟာ ကြာသပတေးနေ့ က ကမ္ဘောဒီးယားနိုင်ငံ သီဟာနုဗေးလ် ဆိပ်ကမ်းမြို့မှာ ဆိုက်ကပ်ခွင့်ရခဲ့တာပါ။ ကမ်းလွန်မှာ ကျောက်ချရပ်နားထားရတဲ့ သင်္ဘောကြီးပေါ်ကို မနက်ပိုင်းမှာ ကမ္ဘောဒီးယား တာဝန်ရှိသူတွေ တက်ရောက်ကာ နာမကျန်းသူ သို့ မဟုတ် တုပ်ကွေးလို ရောဂါလက္ခဏာပြသူ ပါ မပါ စစ်ဆေးဖို့ အတွက် ခရီးသည်တွေထံက နမူနာအချက်အလက်တွေ ယူဆောင်ခဲ့ကြပါတယ်။

Image may contain: 1 person, sky, outdoor and water, text that says 'WESTERDAM'

စမ်းသပ်စစ်ဆေးမှုတွေ လုပ်ခဲ့ပြီးနောက်မှာတော့ သင်္ဘောပေါ်မှာ ဗိုင်းရပ်စ်ကူးစက်ခံထားရသူ တစ်ယောက်မျှ မတွေ့ခဲ့ကြောင်း ကမ္ဘောဒီးယား ကျန်းမာရေးဝန်ကြီးဌာနက ပြောဆိုပါတယ်။ ကမ္ဘောဒီးယား အာဏာပိုင်တွေဟာ သောကြာနေ့မနက်မှာ သင်္ဘောပေါ်က ခရီးသည်တွေကို စတင် ဆင်းသက်ခွင့်ပြုခဲ့တယ်လို့  သင်္ဘောပိုင်ရှင် မိုင်ယာမီအခြေစိုက် Carnival Corp ရဲ့အော်ပရေတာ Holland America Line က ထုတ်ပြန်ခဲ့ပြီး အပျော်စီးသင်္ဘောကြီးရဲ့ သီတင်းနှစ်ပတ်ကြာ မရေမရာအခြေအနေ အဆုံးသတ်သွားခဲ့ပါတယ်။ နေရပ်ပြန်ကြမယ့် ခရီးသည်တွေအဆင်ပြေစေဖို့  စင်းလုံးဌားလေယာဉ်တွေ စီစဉ်ပေးထားကြောင်းလည်း ထုတ်ပြန်ချက်မှာ ဖော်ပြခဲ့ပါတယ်။

 

Image may contain: 4 people, sky, cloud and outdoor

နောက်ဆုံးမှာတော့ ကြာသပတေးနေ့ ညနေပိုင်းမှာ Westerdam သင်္ဘောကြီး ဆိုက်ကပ်ခွင့် ရလိုက်ပြီလို့  သိရချိန်မှာ သင်္ဘောတွင်းက ခရီးသည်တွေရဲ့ ၀မ်းမြောက်ဝမ်းသား အော်ဟစ်သံတွေ သီဟာနုဗေးလ်ဆိပ်ကမ်း ကတောင် အတိုင်းသားကြားခဲ့ရပါတယ်။“ကျွန်တော်တို့ ရဲ့ တန်ဖိုးထားကျေးဇူးတင်မှုကို ပြသတဲ့အနေနဲ့ ကျွန်တော့်ဇနီးနဲ့ ကျွန်တော် သူ့ကို ချောကလက်တချို့ပေးခဲ့ပါတယ်”လို့  သင်္ဘောပေါ်က ဆင်းလာကာ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆင်နဲ့ တွေ့ဆုံနှုတ်ဆက်ခဲ့တဲ့ နယူးဂျာစီပြည်နယ်မှာ ခရီးသွား လောပွန်ဒဲလ် က ပြောဆိုပါတယ်။

Image may contain: 5 people, people standing

ကမ္ဘောဒီးယားရဲ့ လုပ်ရပ်ဟာ ဗိုင်းရပ်စ်ကူးစက်မှုဖြစ်စဉ်နဲ့ ပတ်သက်ပြီး ကမ္ဘာလုံးဆိုင်ရာ စုစည်း ညီညွတ်ကြဖို့ WHO ရဲ့ တောင်းဆိုချက်အတွက် စံနမူနာတစ်ခုဖြစ်ပါကြောင်း WHO အကြီးအကဲ တက်ဒရို့စ် အဒ္ဒဟာနွမ် ဂီဘရီယီဆပ် က ချီးကျူးပြောဆိုခဲ့ပါတယ်။

Image may contain: ocean, sky, outdoor and water

Westerdam ဟာ အင်္ဂါနေ့ က ဘန်ကောက်မှာ ဆိုက်ကပ်ဖို့  ကြိုးစားခဲ့သေးပေမယ့် ထိုင်း အာဏာပိုင် တွေထံက ခွင့်ပြုချက်မရခဲ့ပါဘူး။ ထိုင်းပင်လယ်ကွေ့အပြင်ကို ခုတ်မောင်းထွက်ခွာခဲ့တဲ့ သင်္ဘောကြီးကို ထိုင်း ရေတပ် သင်္ဘောတစ်စီးက စောင့်ရှောက်လိုက်ပါပေးခဲ့ပါတယ်။

အကုန်သိ

Be the first to comment

Leave a Reply

Your email address will not be published.


*