ဒီနေ့နံနက် ၁၄ ရက်နေ့ ပုဂံရဲ့ နေထွက်အလှကြည့်ရှုရာ ဆူးလေကုန်းဘုရားစုထဲကဘုရားတစ်ဆူပေါ်မှ တရုတ်နိုင်ငံသူအမျိုးသမီး တစ်ယောက်ပြုတ်ကျတာဖြစ်ပါတယ်

ဆူးလေကုန်းဘုရားစုပေါ်မှဧည့်သည်ပြုတ်ကျ

ဒီနေ့နံနက် 14.2.2020 ရက်နေ့ မှာ ပုဂံရဲ့ နေထွက်အလှကြည့်ရှုရာ ဆူးလေကုန်းဘုရားစုထဲကဘုရားတစ်ဆူပေါ်မှ တရုတ်နိုင်ငံသူအမျိုးသမီး တစ်ယောက်ပြုတ်ကျတာဖြစ်ပါတယ်။ ဧည့်သည်အနေနဲ့ဒဏ်ရာအနည်းရသွားသလို
အရံစေတီရဲ့ငှက်ပျောဖူးပဲ့ပြီးပြုတ်ကျတာလည်း တွေ့ရပါတယ်။ ပုဂံယဉ်ကျေးမှုအမွေအနှစ်တွေဖြစ်တဲ့ စေတီ ပုထိုး ဂူကျောင်းတွေအပေါ် မည်သှူမှတက်ရောက် ခွင့်မရှိဆိုတဲ့စည်းကမ်းထုတ်ပြန်ထားမှု့ရဲ့နောက်ကွယ် မှာ အခုလိုဖြစ်ရပ်မျိုးတွေဟာမကြာခဏဆိုသလိုပြသနာတက်လျက်ရှိနေပါတယ်။

Image may contain: 1 person, standing, mountain, outdoor and nature

စည်းကမ်းထုတ်ထားတယ်။ ထုတ်ထားတဲ့စည်းကမ်းကိုချိုးဖောက်တယ်။ဘာတစ်ခုမှထိရောက်စွာ အရေးယူဆောင်ရွက်တာတို့ ကွင်းဆင်းလေ့လာ ဆောင်ရွက်တာတို့မရှိဘူး။ ဇုန်ဖီးလ်ကောက်သူတွေကလည်းပိုက်ဆံကောက်ဖို့တာဝန်ပဲသိတယ်။ပုဂံညောင်ဦးလမ်းဘေးဝဲယာမှာရှိတဲ့ ရဲကင်းတွေကလည်းအမြဲတံခါးပိတ်ထားတယ်။ လူကြီးတွေကပူးပေါင်းဆောင်ရွက်ပါလို့ပြောတယ်။ပြည်သူတွေကပူးပေါင်းပါဝင်ဖို့အတွက်အခု လိုဖြစ်တဲ့ကိစ္စတွေအတွက် မည်သည့်ဌာန မည်သည့် တာဝန်ရှိပုဂ္ဂိုလ် မည်သည့် နှစ်ဆယ့်လေးနာရီကိုင် တဲ့ဖုန်းနံပါတ် တွေထံဘယ်လိုဆက်သွယ်အကြောင်း ကြားပါဆိုတာ ဘယ်တုန်းကတရားဝင်ကြေငြာထားလဲ။

Image may contain: sky and outdoor

Image may contain: sky and outdoor

ဌာနဆိုင်ရာတွေအနေနဲ့ပြည်သူကဆက်သွယ် အကြောင်းကြားလာရင် ချက်ချင်းအရေးပေါ်ဆောင်ရွက်ပေးတါမျိုးတွေဘယ်နှစ်ကြိမ်ဘယ်နှစ်ခါရှိဖူးလဲ။ balloonsမစီးနိုင်တဲ့ဧည့်သည်တွေ နန်းမြင့်မျှော်စင်တက် နန်းမြင့်မျှော်စင်မကြိုက်တဲ့ဧည့်သည်တွေ အခုလိုဘုရားတွေပေါ်တက် ပြုတ်ကျ။ အဲ့ဒီလိုတွေဆက်မဖြစ်အောင် ဘယ်လိုစီမံခန့်ခွဲ မလဲဆိုတာ ကုလားထိုင်ထိုင်ပြီးနေရာယူထားတဲ့ ပုဂ္ဂိုလ်တွေအနေနဲ့ တာဝန်ယူတာဝန်ခံကြဖို့ အချိန်တန်ပြီဖြစ်တယ်။

Image may contain: one or more people, people standing, mountain, sky, outdoor and nature

ရင်နင့်စရာပုဂံမြန်မာ

Be the first to comment

Leave a Reply

Your email address will not be published.


*