ဘန်ကောက်မှာ အငှားကိုယ်ဝန်ဆောင် ဂိုဏ်းကို ရဲဝင်ဖမ်း

ထိုင်းနိုင်ငံမှာ စီးပွားဖြစ် အငှားကိုယ်ဝန်ဆောင်လုပ်ငန်းလုပ်နေတဲ့ အကြီးဆုံးရာဇ၀တ်ဂိုဏ်းကို ကြာသာပတေးနေ့ က ဘန်ကောက်မှာ ရဲတပ်ဖွဲ့က ၀င်စီးခဲ့ပြီး ထိုင်းအမျိုးသမီး အငှားကိုယ်ဝန်ဆောင် ၇ ဦးနဲ့ တရုတ်နိုင်ငံသားနှစ်ဦးတို့ ကို ဖမ်းဆီးလိုက်ကြောင်း သိရပါတယ်။

Image may contain: 3 people, indoor

အေဂျင်စီများစွာရဲ့ သတင်းပေးမှုတွေ ရရှိပြီးနောက် Operation Stop Born လို့ သိကြတဲ့ စစ်ဆင်ရေးနဲ့ ပြီးခဲ့တဲ့နှစ် မေလမှာ စတင်စုံစမ်းစစ်ဆေးမှုတွေ လုပ်ခဲ့တာဖြစ်ပါတယ်။ ယင်း လုပ်ငန်းလုပ်ကိုင်တဲ့ သံသယရှိသူ ၁၀ ဦးကို ဖမ်းဝရမ်းထုတ်ခဲ့ပြီး ကြာသာပတေးနေ့ က စီးနင်းမှုမှာ ယင်းတို့ ထဲက ၉ ဦးကို ဖမ်းဆီးရမိခဲ့ကာ ကျန်တစ်ဦးကိုတော့ တရုတ်နိုင်ငံမှာ လူကုန်ကူးပြစ်မှုနဲ့ ဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။

Image may contain: 1 person, crowd and outdoor

သံသယရှိသူတွေ ထိုင်းနိုင်ငံမှာ ရှိနေတယ်လို့  မိမိတို့  သတင်းရခဲ့ပြီး နေရာအသီးသီးမှာ စီးနင်းရှာဖွေမှုတွေ လုပ်ခဲ့တာဖြစ်ကြောင်း ဗဟိုစုံစမ်းစစ်ဆေးရေးဗျူယိုရဲ့ လက်ထောက်ရဲမင်းကြီး ရဲမှူးချုပ် တော်ဆက် ဆူကဗီမောလ်က ပြောဆိုပါတယ်။ ယင်း စီးနင်းမှုမှာ ဘ၀များစွာကို မိမိတို့  ကယ်တင်ပေးနိုင်ခဲ့ကြောင်းနဲ့ ယခုလုပ်ရပ်ဟာ နိုင်ငံဖြတ်ကျော် လူကုန်ကူးမှုဖြစ်ကြောင်း ၄င်းက ပြောဆိုပါတယ်။

Image may contain: 3 people, people standing and indoor

ထိုင်း ဥပဒေအရ ထိုင်း အမျိုးသမီးတွေကို နိုင်ငံခြားသားတွေအတွက် အငှားကိုယ်ဝန်ဆောင်ပေးခွင့် တားမြစ်ထားပါတယ်။ယင်း ဂိုဏ်းကွန်ရက်ကို ထိုင်းနိုင်ငံသားမဟုတ်သူတွေက ဦးဆောင်ခဲ့တာဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောဆိုပါတယ်။ ၄င်းတို့ ရဲ့ လုပ်ငန်းတွေကို နိုင်ငံအများအပြားမှာ ဆောင်ရွက်နေတာဖြစ်ပြီး ၂၀၁၅ ခုနှစ်မှာ ဆေးဘက်ဆိုင်ရာ အထောက်အကူပြု မျိုးပွားခြင်း နည်းပညာဖြင့် ကလေးမွေးဖွားမှု ကာကွယ်ဟန့် တားရေး အက်ဥပဒေ မပြဌာန်းခင်က ထိုင်းနိုင်ငံကို လုပ်ငန်းအခြေစိုက်နေရာအဖြစ် အသုံးပြုခဲ့တယ်လို့ ဆိုပါတယ်။

Image may contain: one or more people

စီးနင်းမှုအတွင်း ယင်းတို့  ၉ ဦးအပြင် ၂၂ ရက်သားအရွယ်နဲ့ လေးလအရွယ် ကလေးနှစ်ဦးကိုလည်းတွေ့ရှိခဲ့ကာ ကလေးတွေရဲ့ မိခင်တွေ ဘယ်သူဖြစ်တယ်ဆိုတာကို သူတို့ ကို လွှဲပြောင်းယူခဲ့သူတွေ မသိကြကြောင်း လူကုန်ကူးမှုနှိမ်နင်းရေးရဲဌာနအကြီးအကဲ ရဲမှူးချုပ် ၀ိုရာဝတ် ၀ပ်နာကွန်ဘန်ချာက ပြောဆိုပါတယ်။

ယခုစစ်ဆင်ရေးဟာ ဘယ်နိုင်ငံ ဘယ်အရပ်မှာ အဆုံးသတ်ရမယ်ဆိုတာ မတွေးဆနိုင်တဲ့ ကလေးငယ်တွေကို ကူညီကယ်တင်ခြင်းဖြစ်ကြောင်း ၄င်းက ပြောဆိုခဲ့ပါတယ်။ ဖမ်းဆီးထားသူတွေထဲမှ အများစုက အပြစ်ကို ၀န်ခံပေမယ့် အချို့ကတော့ ၄င်းတို့ အမှားအယွင်း မလုပ်ခဲ့ကြောင်း ငြင်းဆန်ခဲ့ကြတယ်လို့  ဆိုပါတယ်။

အကုန်သိ

Be the first to comment

Leave a Reply

Your email address will not be published.


*