တရုတ်နိုင်ငံကို ဗီဇာပိတ်လိုက်ပါက နှစ်နိုင်ငံချစ်ကြည်ရေးထိခိုက်နိုင်ဟု ဟိုတယ်ခရီးဒုဝန်ကြီးပြော

၂၀၂၀ တရုတ်သမ္မတ စီကျင်းပင် မြန်မာနိုင်ငံခရီးစဉ် တွင် တရုတ် -မြန်မာယဉ်ကျေးမှု နှင့် ခရီးသွားနှစ်ဟုကြေညာခဲ့သ ဖြင့် တရုတ်နိုင်ငံကို ဗီဇာပိတ်မည် ဆိုပါက နှစ်နိုင်ငံ ချစ်ကြည်ရေး ထိခိုက်နိုင်သည်ဟု ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးတင်လတ်ကပြော သည်။

Image result for Chinese tourism in Myanmar

မန္တလေးတိုင်းဒေသကြီး ဒေ သဆိုင်ရာ ခရီးသွားလုပ်ငန်းကော် မတီဝင်များအပါအဝင် ဟိုတယ် နှင့်ခရီးသွားလုပ်ငန်းရှင်များနှင့် ဖေဖော်ဝါရီ ၂၃ရက်တွင် မန္တလေးမြို့ ၌ တွေ့ဆုံစဉ် ၎င်းကပြောကြား သည်။‘‘ဗီဇာပိတ်မယ်ဆိုရင် နှစ် နိုင်ငံဆက်ဆံရေးကို ထိခိုက်နိုင်တဲ့ အတွက် ပေါ်ပေါ်ထင်ထင်မလုပ် ပါနဲ့။ Public မလုပ်ပါနဲ့လို့ အ စည်းအဝေးမှာပြောတယ်’’ဟု ၎င်း ကပြောသည်။

Image result for Chinese tourism in Myanmar

ဝန်ကြီးဌာနပေါင်းစုံပါဝင် သော COVID-19 ဗိုင်းရပ်စ်ကာ ကွယ်ထိန်းချုပ်ရေးအစည်းအဝေး ကို ရည်ညွှန်း၍ ဦးတင်လတ်က ပြောသည်။ မြန်မာအစိုးရသည် တရုတ် ခရီးသွားများသို့ ဝန်ဆောင်မှုပေးအပ်နေသည့် Outbound, Inbound ကုမ္ပဏီများကို ခရီးစဉ် ဝန်ဆောင်မှုမပေးရန်နှင့် တရုတ် ခရီးသွားများသို့ ဆိုက်ရောက်ဗီဇာ ထုတ်ပေးခြင်း ယာယီရပ်နားသည် ဟု ထုတ်ပြန်ခဲ့သည်။

Image result for Chinese tourism in Myanmar

သို့သော် e Visa နှင့် သံရုံး၌ ကိုယ်တိုင်လျှောက်ထားသည့် ဗီဇာကို ဆက်လက်ခွင့်ပြုထား သည့် တစ်ဦးတစ်ယောက်ချင်း ဝင်ရောက်လာသူများကို ဟန့် တားနိုင်ရန် အိမ်နီးချင်းထိုင်းနိုင်ငံ ကို နမူနာယူ၍ ကျန်းမာရေး ထောက်ခံချက် တောင်းခံခြင်းဖြစ် သည်ဟု ဦးတင်လတ်ကရှင်းပြ သည်။အဆိုပါထောက်ခံချက်ကို အလုပ်အမှုဆောင်အစည်းအဝေး တင်၍ လက်ခံဆုံးဖြတ်မည်ဖြစ်ရာအလွန်ကြန့်ကြာမည်ဟု ၎င်းကပြောသည်။

ဆဲဗင်းဒေး

Be the first to comment

Leave a Reply

Your email address will not be published.


*