ပရိသတ်တွေ တအံ့တသြဖြစ်သွားရတဲ့ ရွှေပိုးအိမ်ရဲ့ ပြောင်းလဲသွားမှု

မင်းသမီးချောလေး ရွှေပိုးအိမ်ကတော့ ပရိသတ်တွေရဲ့ ချစ်ခြင်းမေတ္တာကို အပြည့်အဝရရှိထားတဲ့ မင်းသမီးချောလေးတစ်ယောက်ပဲဖြစ်ပါတယ်။ ချစ်စရာကောင်းတဲ့ မျက်နှာအသွင်အပြင်နဲ့ အချိုးအစားပြေပြစ်လှပတဲ့ ခန္ဓာကိုယ်အချိုးအစားကို ပိုင်ဆိုင်ထားပြီး ယောက်ျားလေး မိန်းကလေး ပရိသတ်တွေအားလုံးရဲ့ ချစ်ခြင်းမေတ္တာကို ရရှိတဲ့ သူတစ်ယောက်ပါ။

လူကလည်း လှတဲ့ အပြင် စိတ်ထားလေးကလည်း လှတဲ့ ရွှေပိုးအိမ်ကတော့ အလုပ်ကိစ္စတွေနဲ့ ရောက်ရှိတဲ့ အရပ်ဒေသတွေမှာ အခါအခွင့် သင့်သလို အလှူအတန်းတွေကိုလည်း ပြုလုပ်လေ့ရှိပါသေးတယ်။ လတ်တလောမှာတော့ ရွှေပိုးအိမ်က သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာထက်ကနေ “ဘာကွာသွားလဲ”ဆိုပြီး ပရိသတ်တွေကို အရင်တုန်းကပုံလေးတွေနဲ့ အခုပုံလေးတွေကို ယှဉ်ပြီးဖော်ပြကာ မေးခွန်းထုတ်လာခဲ့ပါတယ်။

ပရိသတ်တွေကတော့ ရွှေပိုးအိမ်ရဲ့ အရင်ကပုံလေးတွေနဲ့ အခုပုံလေးတွေကို ကြည့်ပြီး အံ့သြမင်သက်ဖြစ်နေခဲ့ရပါသေးတယ်။ ပရိသတ်ကြီးတွေလည်း ရွှေပိုးအိမ်တစ်ယောက်အရင်ကနဲ့အခုမတူညီဘဲကွဲပြားခြားနားသွားတဲ့ပုံလေးတွေကို ပြန်လည်မျှဝေဖော်ပြပေးလိုက်ပါတယ် ပရိသတ်ကြီးရေ….