ဆေးရုံအတွက်လိုအပ်နေတဲ့ PPE ဝတ်စုံ ၁၀၀ ကို လှူဒါန်းပေးခဲ့တဲ့ စမိုင်းလ်

ရုပ်ရှင်နဲ့ ဗီဒီယို သရုပ်ဆောင်စမိုင်းလ်ကတော့ လတ်တလောမှာ ဆေးရုံများသို့ ဖြန့်ဝေလှူဒါန်းမယ့် PPE ဝတ်စုံတွေကို လှူဒါန်းလိုက်ပြန်ပါတယ်။စမိုင်းလ်က အမြဲတမ်းလိုလို အလှူအတန်းတွေကို ပြုလုပ်လေ့ရှိပြီး အခါအခွင့်သင့်ရင် သင့်သလို အချိန်ကာလအလိုက် လိုအပ်တာတွေကိုလည်း လိုအပ်သလို လှူဒါန်းပေးလေ့ရှိပါသေးတယ်။

Image may contain: 1 person, standing, outdoor, water and nature

လတ်တလောမှာလည်း ဆေးရုံတွေမှာလိုအပ်နေတဲ့ PPE ဝတ်စုံတွေကို လှူဒါန်းကြတဲ့ အထဲမှာ PPE ဝတ်စုံ အစုံ(၁၀၀)စာကို စမိုင်းလ်တို့မိသားစုကလှူဒါန်းပေးလိုက်ပြန်ပါတယ်။စမိုင်းလ်ကတော့ အခုအလှူလေးအတွက်ကို “မိမိတတ်နိုင်တဲ့ဖက်က ကူညီကြပါစို့ ယနေ့ကုသိုလ်”လို့ လှူဒါန်းခဲ့တဲ့ အကြောင်းကို သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာထက်ကနေ မျှဝေဖော်ပြလာခဲ့တာပဲဖြစ်ပါတယ်။

Image may contain: 2 people, people standing

Image may contain: 2 people, people standing

ပရိသတ်တွေကတော့ စမိုင်းလ်ရဲ့ မွန်မြတ်လှတဲ့စမိုင်းလ်ရဲ့ အလှူလေးအတွက် သာဓုခေါ်ဆိုနေခဲ့ကြပြီး နောက်နောင်မှာလည်း ဒီထက်မကအလှူအတန်းတွေကို ပိုမိုလှူဒါန်းနိုင်စေဖို့ကိုလည်း ဆုမွန်ကောင်းတွေတောင်းပေးနေခဲ့ကြပါသေးတယ်။ပရိသတ်ကြီးရေ စမိုင်းလ်ရဲ့ မွန်မြတ်လှတဲ့ ကာလဒါန အလှူလေးအတွက် သာဓုခေါ်ဆိုပေးခဲ့ကြပါဦးနော်။

Image may contain: 4 people, people standing