တောင်ကိုရီးယားလုပ် COVID-19 စမ်းသပ်ကိရိယာများ အမေရိကန်သို့ ပထမဆုံး တင်ပို့

ကိုရိုနာဗိုင်းရပ်စ် ရှိ၊ မရှိ စစ်ဆေးတဲ့ တောင်ကိုရီးယားနိုင်ငံထုတ်ပစ္စည်းတွေကို တင်လာတဲ့ ကုန်တင်လေယာဉ်ဟာ ဧပြီ ၁၅ ရက်မှာ အမေရိကန်ပြည်ထောင်စုကို ထွက်ခွာသွားပါတယ်။

အင်ချွန်းမြို့ နိုင်ငံတကာလေဆိပ်မှာ စမ်းသပ်ကိရိယာတွေ ပါတဲ့ ကုန်သေတ္တာတွေကို ကုန်တင်လေယာဉ်ပေါ် မနက် ၁ နာရီကနေ ၃ နာရီအထိ တင်နေတဲ့ ရုပ်သံကို တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာနက ရိုက်တာသတင်းဌာနဆီ ပေးပို့ခဲ့ပါတယ်။ ဒီရုပ်သံကို သီးခြားလွတ်လွတ်လပ်လပ် စစ်ဆေးအတည်ပြုနိုင်မှုတော့ မရှိပါဘူး။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က တောင်းဆိုအပြီး ပထမဆုံးတင်ပို့မှုလည်း ဖြစ်ပါတယ်။

ထရမ့်ဟာ မတ် ၂၅ ရက်က တောင်ကိုရီးယားသမ္မတ မွန်းဂျေးအင်းနဲ့ ဖုန်းပြောချိန်မှာ မေတ္တာရပ်ခံခဲ့တာပါ။ လောလောဆယ်မှာတော့ အမေရိကန်ရဲ့ ပြည်နယ်အများအပြားမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုနှုန်း အမြန်တိုးနေတာကို ရင်ဆိုင်ဖြေရှင်းနေရပါတယ်။

Trump Optimistic on COVID-19 Recovery | Voice of America - English

တောင်ကိုရီးယားကုမ္ပဏီတွေဟာ လော့စ်အိန်ဂျလိစ် အပါအဝင် အမေရိကန်မြို့တွေဆီ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံ ဟုတ်၊ မဟုတ် စစ်ဆေးတဲ့ ကိရိယာတွေကို အရင်က ပို့ခဲ့ဖူးပါတယ်။ဒါပေမဲ့ အမေရိကန်ပြည်ထောင်စုအစိုးရရဲ့ အမှာစာကတော့ ဒါဟာ ပထမဆုံး ဖြစ်ပါတယ်။

ဒီဗွီဘီ