YBS ခရီးသည်များ Mask မတပ်ပါက စီးခွင့် ရှိမည်မဟုတ်၊ ထိုင်ခုံတစ်လုံးလျှင်ခရီးသည် တစ်ဦးသာ တင်မည်

ရန်ကုန်တိုင်းအတွင်း သင်္ကြန်အစိုးရရုံးပိတ်ရက် Home Stay ၁၀ ရက် ကာလအတွင်း ခရီးသည်တင် YBS ယာဉ်လိုင်းများပြေးဆွဲပေးနေသည့် Power Eleven Company လက်အောက်ရှိ YBS ယာဉ်များ စီးနင်းသည့် ခရီးသည်များ Mask မတပ်ပါက ကားစီးခွင့် ရှိမည်မဟုတ်ဘဲ ထိုင်ခုံတစ်လုံးလျှင် ခရီးသည် တစ်ဦးသာ တင်ဆောင်ပြေးဆွဲပေးမည်ဖြစ်ကြောင်း ယာဉ်လိုင်းပြေးဆွဲပေးသည့် ကုမ္ပဏီမှသိရသည်။

ရန်ကုန်မြို့ ကမ်းနားလမ်း၌ သွားလာနေသည့် မော်တော်ယာဉ်များ။ ဓာတ်ပုံ- ကျော်သူမြင့်စိုး/ မြန်မာတိုင်းမ်

Covid- 19 ကာကွယ်ရေးအတွက် Home Stay နေထိုင်ရန်သတ်မှတ် ကာလဖြစ်သော်လည်း မဖြစ်မနေ တာဝန်ထမ်းဆောင်နေရသော ခရီးသွားပြည်သူများအတွက် YBS ယာဉ်လိုင်းများပြေးဆွဲပေးနေရာ Power Eleven Company လက်အောက်ရှိ YBS ၂၁ နှင့် YBS ၃၉ ယာဉ်များကို စီးနင်းရာတွင် သတ်မှတ်ထားသော အကွာအဝေးရှိ ထိုင်ခုံတစ်လုံးတွင် တစ်ဦးသာ စီးရမည်ဖြစ်ပြီး ခရီးသည်များ Mask တပ်ဆင်ထားမှသာ စီးနင်းခွင့်ပေးမည်ဖြစ်သည်။ သို့ဖြစ်ရာ အကြောင်းအမျိုးမျိုးကြောင့် Mask များ မပါရှိပါက ယာဉ်ပေါ်တွင် ဝယ်ယူ တပ်ဆင်နိုင်မည်ဖြစ်ပြီး မဝယ်ယူလိုပါကလည်းယာဉ်မောင်းက Mask များအား ခရီးသွားပြည်သူကို (အခမဲ့) တပ်ဆင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဝန်ဆောင်မှုအပြည့်အ၀မပေးနိုင်သော YBS ...

“ထိုင်ခုံတွေက ၂ ယောက်ထိုင်ခုံတွေ ၃ ယောက်စီးတဲ့ ထိုင်ခုံတွေမှာ ၁ ယာက်ပဲ စီးနင်းရမှာပါ။ ကားပေါ်တက်မယ်ဆိုရင် Mask တွေမဖြစ်မနေ တပ်ရပါမယ်။ တကယ်လို့ Mask မဝယ်နိုင်ရင် ယာဉ်မောင်းက Mask တွေတပ်ဖို့ကို အခမဲ့ကူညီပေးမှာပါ။ ကားပေါ်အတက်အဆင်းနေရာတွေမှာလည်း လက်သန့်ဆေးရည်တွေ ထားရှိပေးထားပါမယ်။ မဖြစ်မနေ အရေးပေါ်သွားနေရတဲ့ ဝန်ထမ်းတွေရှိလို့ YBS တွေနေ့စဉ်ဆွဲပေးနေပါတယ်”ဟု YBS ယာဉ်လိုင်းပြေးဆွဲနေသည့် Power Eleven ယာဉ်လိုင်းကုမ္ပဏီ အုပ်ချုပ်မှုဒါရိုက်တာ ကိုတရုတ်လေးက ဧပြီ ၁၅ ရက်တွင်မြန်မာတိုမ်းသို့ပြောကြားသည်။

YBS ယာဉ်စီးခကို ကတ်စနစ်ဖြင့်ပေးချေ ...

ရန်ကုန်တိုင်းအတွင်း သင်္ကြန်အစိုးရရုံးပိတ်ရက် Home Stay ၁၀ ရက် နေသည့်ကာလအတွင်း YBS ယာဉ်လိုင်း ၈၆ လိုင်းနှင့် ယာဉ်အစီးရေ ၁၀၈၆ စီးကို ခရီးသည်အများစု သွားလာနေသည့် နေရာများသို့ ယာဉ်လမ်းကြောင်းအလိုက် ပြေးဆွဲပေးသွားမည်ဖြစ်ပြီး ထိုကာလတွင် ယာဉ်လိုင်းပြေးဆွဲမည့် YBS ကားများကို YRTA ရန်ပုံငွေဖြင့် CNG ထည့်သွင်းခအား စိုက်ထုတ်ကူညီပေးနေကြောင်း သိရသည်။

မြန်မာတိုင်းမ်