COVID-19 ကြိုတင်ကာကွယ်ရေးဟုဆိုကာ မကွေးတိုင်းအတွင်းရှိ ကျေးရွာအချို့ အဝင်အထွက်ပိတ်ကာ Lock Down ချထား

မကွေးတိုင်းဒေသကြီး ၊ မြို့သစ်မြို့နယ်မှ လူနာ ၁ ဦးတွင် COVID-19 ပိုးတွေ့ ရှိကြောင်း ကြေငြာပြီးနောက် မကွေး တိုင်းအတွင်းရှိ ကျေးရွာတစ်ချို့မှာ ကျေးရွာအတွင်း လူစိမ်းမဝင်ရန်ဟုဆိုကာ ရွာအဝင်အထွက်လမ်းများ Lock Down ချ ပိတ်ဆို့ ထား​တာတွေ ရှိတယ်လို့ သိရပါတယ်။

Image may contain: 4 people, people standing and outdoor

ကျေးရွာအတွင်း လူစိမ်းများ မဝင်ရောက်နိုင်ရန်အတွက် မကွေးမြို့နယ် ကြာကန်ကျေးရွာ ရွာအဝင်အထွက်လမ်းမျာကို ဧပြီလ ၁၄ ရက် နံနက်ပိုင်းက စပြီး ပိတ်ပင်ထားကြောင်း သိရပါတယ်။ “အခုရွာထဲကို ပြင်ပက လူစိမ်းမှန်သမျှ အဝင်မခံတော့ပါဘူး။ မြို့သစ်နဲ့ ကြာကန်က ထိစပ်နယ်မြေ ဖြစ်သွားပြီ။ အချို့ဈေးသည်တွေဆို နေရာအနှံ့မှာ ဈေးရောင်းတဲ့ သားစိမ်း၊ ငါးစိမ်းသည်တွေ ရှိပါတယ်။ သားစိမ်း၊ ငါးစိမ်းသည်တွေ နေရာအနှံ့အပြားမှာ သွားနေတဲ့အတွက် ရောဂါပါလာနိုင်တယ်။ နောက်တစ်ခုက ကုန်စိမ်းသည်တွေရှိမယ်။ သူတို့က နေ့စဉ်နဲ့အမျှ သွားလာနေတော့ ပိုးပါလာမှာ ကြောက်လို့ အဝင်မခံတော့ဘူး။ လောလောဆယ်တော့ ကျွန်တော်တို့ ကြာကန်ရွာတော့ အဝင်အထွက်တွေ ပိတ်လိုက်ပါပြီ” လို့ ကြာကန်ကျေးရွာနေ ဦးဇော်မင်းထိုက်က ပြောပါတယ်။

Image may contain: one or more people, outdoor and nature

လတ်တလောတွင် ရွာအဝင်အထွက်များကို ပိတ်ဆို့ထားပြီး ယင်းကဲ့သို့ လုပ်ဆောင်ရခြင်းမှာ ရွာအတွင်းမှ လူများကို မိမိနေအိမ်တွင်သာ နေထိုင်စေလို၍ ဖြစ်ကြောင်းလည်း ကြာကန်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးတင်စိုးက ပြောပါတယ်။ “တစ်ချို့ ပေါ့ပေါ့ဆဆနဲ့ စည်းပျက်ကမ်းပျက်နေတဲ့လူတွေကို ထိန်းချုပ်တာပါ။ နောက်တစ်ခုက အနီးနားရွာတွေက ပါဆယ်လာဝယ်တာတွေရှိတော့ သောက်စား မူးယစ်ပြီးတော့ မူးယစ် ရမ်းကားတာတွေ ဖြစ်မှာကြောင့် ရွာဝင် ရွာထိတ် ပိတ်ပြီးတော့ ထိန်းတာပါ။ ကိုယ့်ဒေသ အလျှောက် ထိန်းတာပါ။ တစ်အုပ်စုထဲ မဟုတ်ပါဘူး။ အုပ်စုတိုင်းဟာ ကိုယ့်အပူလေးနဲ့ ကိုယ်ရှိကြပါတယ်။ ရွာတော်တော်များများတော့ အဝင်အထွက်တွေ ပိတ်ပြီး ကျန်းမာရေး စစ်ဆေးမှုတွေ လုပ်နေပါတယ်” လို့ ဦးတင်စိုးက ပြောပါတယ်။

Image may contain: one or more people, outdoor and nature

ယခုကဲ့သို့ လုပ်ဆောင်​ခြင်းမှာ မကွေးတိုင်းအစိုးရ၏ ညွှန်ကြားချက်မဟုတ်ဘဲ တိုင်းအတွင်းရှိ ကျေးရွာ အတော်များများက COVID-19 ကပ်ရောဂါ ကြိုတင် ကာကွယ်ရေးအတွက် ဧပြီလ ၁၄ ရက်ကစပြီး ရပ်မိရပ်ဖများ တိုင်ပင်ဆွေးနွေးကာ လုပ်ဆောင်နေကြခြင်းဖြစ်ကြောင်း သိရပါတယ်။

ဧရာဝတီ