COVID-19 ပိုးတွေ့လူနာ ၁၁ ဦး ထပ်တိုးကြောင်း MRTV သတင်းတွင် ကြေညာ

အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာ ဌာန (ရန်ကုန်)သည် ဧပြီ ၁၆ ရက် မနက် ၃ နာရီ ထုတ်ပြန်ချက်အရ ဓာတ်ခွဲစစ်ဆေးမှုလူနာ ၂၇၂ ဦး အနက် ၁၁ ဦးတွင် ပိုးတွေ့ရှိကြောင်း၊ လက်ရှိအထိ ပိုးတွေ့လူနာ ၈၅ ဦး ရှိလာပြီဖြစ်ကြောင်း နိုင်ငံပိုင် MRTV တွင် သတင်းထုတ်ပြန်ကြေညာခဲ့သည်။

Image may contain: one or more people and indoor

ဓာတ်ခွဲအတည်ပြုလူနာများနှင့် ပတ်သက်သည့် အသေးစိတ်ကို ဆက်လက် သတင်းထုတ်ပြန်မည်ဟုလည်း သိရသည်။

ဝေဘာဂီဆေးရုံရှိ လူနာအမှတ် ၁၅ တွင် ...

အဆိုပါ ဌာနသည် ဧပြီ ၁၅ ရက်နေ့က တနိုင်ငံလုံးရှိ တိုင်းနှင့်ပြည်နယ်အသီးသီးမှ COVID-19 စောင့်ကြည့်လူနာနှင့် အသွားအလာ ကန့်သတ်ခြင်း၊ စောင့်ကြည့်ခြင်း ခံရသူ စုစုပေါင်း လူ ၄၀၀ ဦး၏ ဓာတ်ခွဲအဖြေများကို စစ်ဆေးခဲ့ရာ ၎င်းတို့အနက် ၁၂၈ ဦးတွင်ပိုးမတွေ့ကြောင်း ဧပြီ ၁၅ ရက်ည ၈ နာရီက ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာခဲ့သည်။

COVID-19 သီးခြားစောင့်ကြည့်ခံနေရသူ ...

ဧရာဝတီ