လူနာအမှတ် ၇၄ နှင့်အတူ တီးတိန်မှကလေးသို့ပြည်ချစ်သားမှန်လုံကား အတူစီးခဲ့သည့် ခရီးသည်များ ဆက်သွယ်အကြောင်းကြားပေးရန် နှိုးဆော်

မတ်လ ၁၈ ရက်က Covid-19 လူနာအမှတ် ၇၄ နှင့်အတူ တီးတိန်မှ ကလေးသို့ ပြည်ချစ်သားမှန်လုံကားထဲတွင် အတူလိုက်ပါစီးနင်းခဲ့သည့် ခရီးသည်များ အားလုံး COVID19 ရောဂါပိုးကူးစက်ခံရခြင်းရှိမရှိ စောင့်ကြည့်စစ်ဆေးနိုင်ရန် 09426472374 ဒေါက် တာ စိုးမိုးထွေး ၊ 09250651904 ဒေါက်တာဂိုခန့်နွမ် ၊09775800463 ဒေါက်တာစန်းမောင်စသည့် ဆရာ ၀န်များထံသို့ ဆက်သွယ်အကြောင်းကြားရန် တိုက် တွန်းနှိုးဆော် အသိပေးထားကြောင်းသိရသည်။

No photo description available.

ပြည်ချစ်သားမှန်လုံကားတွင် လိုက်ပါစီးနင်းခဲ့သည့် ခရီးသည်မည်မျှရှိသည်ဆိုသည်နှင့် ဆက်သွယ်လာမှု အခြေအနေနှင့်ပတ်သက်၍ The Ladies News က ဆက်သွယ်မေးမြန်းခဲ့ရာတွင် – “နှစ်ဦးက ဖုန်းပိတ်ထားလို့ဆက်သွယ်လို့ မရသေးဘူး။ အဲ့ဒါက အခုမှ လိုက်တုန်း။ ဘာမှ မသိသေးဘူး။ အခုထိ မဆက်သွယ်လာသေးဘူး”ဟု ဒေါက် တာစိုးမိုးထွေးက The Ladies သို့ ယနေ့ ဧပြီ ၁၆ နံနက်၁၀ နာရီက ပြန်လည်ဖြေကြားပေးခဲ့သည်။ လူနာအမှတ် ၇၄ ကို ကလေးမြို့ ရှိ တိုင်းရင်းဆေးရုံတွင် ထားရှိကုသသွားမည်ဖြစ်​ပြီး၊ ထိတွေ့သူများအားလုံးကိုမူ သူနာပြုတက္ကသိုလ်တွင် ထားရှိ စောင့်​ကြပ်ကြည့်ရူ့ ရန်စီစဉ်ထားသည်ဟုလည်း သိရသည်။

Image may contain: one or more people, people standing and outdoor

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့ တပ်ဦးသီတာရပ် ကွက်၊ နယ်မြေ – ၅ ရှိ အဆိုပါလူနာ တည်းခိုနေထိုင် သွားသည့် နေအိမ်အတွင်းရှိအိမ်သားများနှင့် ထိတွေ့ စပ်ဆက်ခဲ့သည့် လူများအားလုံးကို Quarantine ပြုလုပ်စောင့်ကြည့်ထားခဲ့ပြီးနောက် ဧပြီ ( ၁၂ ) ရက်နေ့က ဓါတ်ခွဲနမူနာအား အမျိုးသားကျန်းမာရေး ဓါတ်ခွဲမှုဆိုင်ရာဌာန ရန်ကုန်သို့ ပေးပို့ စစ်ဆေးခဲ့ရာ ပေးပို့ ခဲ့သူများအနက်မှ အဆိုပါအမျိုးသမီးတွင် Covid-19 ရောဂါတွေ့ရှိခဲ့ခြင်းဖြစ်သည်။

Image may contain: one or more people, people standing, people walking and outdoor

အဆိုပါနေအိမ်နှင့်စပ်ဆက်သည့် နယ်မြေဧရိယာ တစ်ဝိုက် ဖြစ်သော ရတနာပုံလမ်းအတွင်းရှိ ခါနန် လမ်းထိပ်မှ ဗိုလ်တိုက်ချွန်းလမ်းအတွင်းရှိ ခါနန်လမ်းထိပ်နှင့် ခါနန်လမ်းအတွင်းရှိ ဗလယ်ဟန်းလမ်း နှစ်ဖက်ထိပ်နေရာများကို ဧပြီ ( ၁၅ ) ရက်၊ နံနက် (၉:၀၀) နာရီမှစ၍ အသွားအလာကန့်သတ်သည့် နယ်မြေများအဖြစ် သတ်မှတ်ထားပြီးဖြစ်ကြောင်း သိရသည်။

Image may contain: one or more people, people standing and outdoor

အဆိုပါနယ်မြေတစ်ဝိုက်ကို မီးသတ်ဦးစီးဌာနမှ တာဝန်ယူ၍ ပိုးသတ်ဆေးဖြန်းခြင်းလုပ်ငန်းများကိုလည်း ဆောင်ရွက်ထားပြီး အဆိုပါနယ်မြေဧရိယာတစ်ဝိုက် နယ်မြေများအတွင်းရှိနေထိုင်သူများအနေဖြင့် အစား အသောက်များဝယ်ယူလိုပါက သက်ဆိုင်ရာတာဝန်ရှိသူများနှင့်ဆက်သွယ်၍ လိုအပ်သည့်ပစ္စည်းကို မှာယူနိုင်ပြီး အိမ်ရှေ့အရောက်ချထားပေးရန် စီစဉ်ထားပြီး ဖြစ်ကြောင်းလည်း သိရသည်။

ဒလေးဒီးနယူးစ်