ပြင်သစ်လေယာဉ်တင်သင်္ဘောက ရေတပ်သား ၇၀၀ ခန့် COVID-19 ရောဂါ ကူးစက်ခံရ

ပြင်သစ်လေယဉ်တင်သင်္ဘော ချားစ်ဒီဂေါပေါ်မှာ တာဝန်ကျတဲ့ ရေတပ်သား ၇၀၀ လောက်မှာ ကိုရိုနာဗိုင်းရပ်စ်ကူး စက်ခံနေရတာကို စစ်ဆေးတွေ့ရှိရကြောင်း ပြင်သစ် ကာကွယ်ရေးဝန်ကြီးဌာနက ဧပြီ ၁၅ ရက်မှာ သတင်း ထုတ်ပြန်ပါတယ်။

French aircraft carrier returns home after outbreak of Covid-19 cases

ချားစ်ဒီဂေါသင်္ဘောအပါအဝင် သင်္ဘောအုပ်ထဲက ရေတပ်သား ၁၇၆၇ ဦးကို ဆေးစစ်ခဲ့ပြီး အနည်းဆုံး ၆၆၈ ဦးမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရတာ တွေ့ရတယ်လို့ ဝန်ကြီးဌာနက ဆိုပါတယ်။

Coronavirus: 40 suspected cases aboard French navy ship | Euronews

ဒါ့အပြင် လူပေါင်း ၃၁ ဦးကို ဆေးရုံတင်ပေးထားရပြီး နောက်ထပ် စစ်ဆေးမှုတွေလည်း လုပ်နေတယ်လို့ ပြောပါတယ်။ ဘောလ်တစ်ပင်လယ်ထဲမှာ ဥရောပမြောက်ပိုင်းရေတပ်အဖွဲ့တွေနဲ့ မကြာမီက စစ်ရေး လေ့ကျင့်ခန်းတွေပါဝင် လုပ်ဆောင်ခဲ့တဲ့ ချားစ်ဒီဂေါလေယဉ်တင်သေင်္ဘာဟာ သင်္ဘောသား ၄၀ မှာ ကိုရိုနာဗိုင်းရပ်စ်လက္ခဏာတွေ တွေ့ရှိတာကြောင့် မျှော်မှန်းထားတာထက် နှစ်ပတ်ပိုစောပြီး တူလွန်မြို့ကို ပြန်ရောက်လာခဲ့တယ်လို့ ရိုက်တာသတင်းက ဧပြီ ၁၆ ရက်မှာ ရေးသားထားပါတယ်။

ဒီဗွီဘီ