အဆိုတော် နီတာမှာ Covid -19 ရောဂါပိုးတွေ့ရှိ

ခရစ်ယာန်တရားဟောဆရာ စောဒေးဗစ်လားရဲ့ ပွဲကို တက်ရောက်ခဲ့တဲ့ အဆိုတော် နီတာမှာ ရောဂါပိုးတွေ့ရှိနေပြီ ဖြစ်ပါတယ်။အင်းစိန်ဆေးရုံကြီး အထူးကြပ်မတ်ဆောင်မှာေ ဆးကုသမှု ခံယူနေရတဲ့ အဆိုတော်နီတာမှာ Covid -19 ရောဂါပိုး တွေ့ရှိခဲ့တယ်လို့ သာကေတမြို့နယ်လွှတ်တော်ကိုယ်စားလှယ်က ပြောပါတယ်”

“ရောဂါပိုး တွေ့ရှိတယ်ဆိုတာ ဟုတ်ပါတယ်။သူက သာကေတမှာနေတယ် ၈ရက်နေ့လောက်ကတည်း ကအင်းစိန်မှာ သွားနေတာ။ မနေ့က ညက ဆေးစစ်ချက်အဖြေအရ သူက positive ထွက်တယ်။ လက်ရှိ သာကေတမှာရှိတဲ့ နေအိမ်ကို lock Down လုပ်ဖို့ အစီအစဥ◌်ဆွဲနေတာပါ။ မိန်းမနဲ့ ကလေး(၂)ယောက်ကိုတော့ အစီအစဥ◌်တိုင်း ဆက်လုပ်ဖို့ အတွက် တိုင်းကျန်းမာရေးကို သတင်းပို့ထားပါတယ်” လို့ သာကေတမြို့နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဝေဖြိုးအောင်က ပြောပါတယ်။

အဆိုတော် နီတာဟာ မိဘနေအိမ်ဖြစ်တဲ့ အင်းစိန်မှာ နေထိုင်ခဲ့တာကြောင့် ဒီနေ့ထုတ်ပြန်တဲ့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ ရောဂါပိုးတွေ့ရှိသူ စာရင်းမှာအင်းစိန်မြို့နယ်နေ အသက်(၄၀)အရွယ် ကျားတစ်ဦး အဖြစ် ပါဝင်ခဲ့တာ ဖြစ်ပါတယ်။

အဆိုတော် နီတာဟာ အစိုးရကကျန်းမာရေး အသိပေးချက်တွေ စကြေညာတဲ့ မတ်လ(၁၃) ရက်နေ့ကစပြီး Stay Home နေခဲ့ပေမယ့် မတ်လ (၂၉)ရက်နေ့မှာ ဘာသာရေးအခမ်းအနားနဲ့ ပတ်သက်တဲ့ ရိုက်ကူးရေးတစ်ခု ပြုလုပ်ပြီးနောက်မှာ ယခုလိုေ စာင့်ကြည့်လူနာအဖြစ် အင်းစိန်ဆေးရုံမှာ ဆေးကုသမှု ခံယူနေရတာ ဖြစ်ပါတယ်၊

လက်ရှိမြန်မာနိုင်ငံမှာတော့ Covid 19 အတည်ပြုလူနာ (၈၅)ဦးထိရှိနေပြီး ရန်ကုန်က (၆၈)ဦး၊ ပဲခူးတိုင်း (၄)ဦး၊ ချင်းပြည်နယ် (၄)ဦး၊ ရှမ်းပြည်နယ်(၃)ဦး၊ နေပြည်တော် (၁)ဦး၊ မန္တလေး (၂)ဦး၊ စစ်ကိုင်း(၁)ဥ◌ီး၊ မွန်ပြည်နယ် (၁)ဦးနဲ့ မကွေးတိုင်းက (၁)ဦးတို့ဖြစ်ပါတယ်။အတည်ပြုလူနာ (၈၅)ဦးမှာတော့ (၄)ဦးသေဆုံးကာ (၂)ဦးက ပြန်လည်ကောင်းမွန်သွားပြီဖြစ်ပါတယ်။ Duwun