ကျွန်တော်ညံ့လို့ ရှုံးရတဲ့အတွက် အသင်းဖော်များနဲ့ ပရိသတ်များကို တောင်းပန်ပါတယ်ဆိုတဲ့ စိုင်းစိုင်းခမ်းလှိုင်

September 9, 2019 admin 0

ပရိသတ်တွေ စိတ်ဝင်တစားနဲ့ စောင့်မျှော်ကြည့်ရှုခဲ့ရတဲ့ မန္တလေးမြို့၊ မန္တလာသီရိဘောလုံးကွင်းမှာ ကျင်းပပြုလုပ်မည့် Royal Club Cup 2019 အနုပညာရှင်ပေါင်းစုံ လေးသင်းပတ်လည် ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲကြီးကတော့ အောင်အောင်မြင်မြင်နဲ့ ပြီးဆုံးသွားပြီပဲ ဖြစ်ပါတယ်။ အနုပညာရှင်တွေက ကြိုးစားပမ်းစား ယှဉ်ပြိုင်ခဲ့ကြပြီး နောက်ဆုံးမှာတော့ Model FC အသင်းကြီးက အနိုင်ရဗိုလ်စွဲသွားခဲ့တာ ဖြစ်ပါတယ်။ […]

သူ့ဆီက မုန့်ဟင်းခါး မှာပြီး မွေးနေ့အလှူမှာ ကျွေးတဲ့ နေတိုးကို ကျေးဇူးတင်နေတဲ့ ရဲလေးမ

September 9, 2019 admin 0

ရုပ်ရှင်နဲ့ ဗွီဒီယို ဇာတ်ပို့သရုပ်ဆောင် ရဲလေးမ ဟာဆိုရင် ပရိသတ်တွေ ချစ်ခင်အားပေးရတဲ့ အနုပညာရှင်တစ်ဦးပါ။ မိန်းမလျာ အဖြစ် သရုပ်ဆောင်လာရာကနေ ပရိသတ်တွေက မိန်းမလျာဇာတ်ရုပ် နဲ့အားပေးမှုများစွာရရှိထားသူပဲ ဖြစ်ပါတယ်။ ခုနောက်ပိုင်းမှာ ရဲလေးမက ဗွီဒီယို ဈေးကွက် ပျက်သွားပြီးနောက် ကိုယ်ပိုင်လုပ်ငန်း တစ်ခုဖြစ်တဲ့မုန့်ဟင်းခါး ဆိုင်လေး တစ်ဆိုင်ဖွင့်ထားပါတယ်။ ချစ်ပရိသတ်တွေအတွက် […]

သမီးလေးကို ထင်ထားတာထက် ပိုချစ်ပေးလို့ ဝမ်းသာတယ်ဆိုတဲ့ ဉာဏ်လင်းအောင်

September 9, 2019 admin 0

ဉာဏ်လင်းအောင်က သူ့ရဲ့သမီးလေးကို ပရိသတ်တွေ ချစ်ခင်ကြလို့ ပြောမပြတတ်အောင် ဝမ်းသာမိတယ်လို့ဆိုပါတယ်။ သမီးလေးကြောင့် ပြောင်းလဲသွားတာတွေလည်း အများကြီးရှိတယ်လို့ဆိုပါတယ်။ဉာဏ်လင်းအောင်နဲ့ ချမ်းချမ်းပိုင်တို့ရဲ့ တစ်ဦးတည်းသော သမီးလေးကတော့ အခုဆိုရင် ၆ လ သမီးအရွယ်ကို ရောက်နေပြီဖြစ်ပါတယ်။ ဒီသမီးလေးကို ဝိုင်းချစ်ပေးကြတဲ့ ပရိသတ်တွေရှိလို့ အရမ်းကိုပျော်တယ်လို့ Duwun Media ကနေ ပြောပြခဲ့ပါတယ်။‘’သူ့ကို […]

သက်ကြီးလူရွှင်တော်ပူဇော်ပွဲမှာ ဝါရင့်လူရွှင်တော်ကြီးတွေအတွက် ပီတိအပြုံးတွေဖန်တီးပေးခဲ့တဲ့ တက္ကသိုလ်ဂွမ်းပုံ

September 9, 2019 admin 0

တက္ကသိုလ်ဂွမ်းပုံကတော့ ချစ်ရတဲ့ပရိသတ်တွေ ပျော်ရွှင်ရယ်မောရအောင် သူမရဲ့သရုပ်ဆောင်ပညာနဲ့ အမြဲလိုလို ဖန်တီးတင်ဆက်ပေးနေတဲ့ ရုပ်ရှင်သရုပ်ဆောင်ကောင်းတစ်ယောက် ဖြစ်ပါတယ်။ အနုပညာလောကမှာ အချိန်အတော်ကြာအောင် ရပ်တည်အောင်မြင်နေတဲ့ ဂွမ်းပုံက ဗီဒီယိုနဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေမှာ တကယ့်ကို မပါမဖြစ်တဲ့ ဇာတ်ပို့သရုပ်ဆောင်တစ်ယောက်လည်း ဖြစ်ပါတယ်။ ယနေ့စက်တင်ဘာလ (၉)ရက်နေ့မှာတော့ လူရွှင်တော်အသင်း (ရန်ကုန်)ရဲ့ (၉)ကြိမ်မြောက် သက်ကြီးလူရွှင်တော်ပူဇော်ပွဲကို ကျိုက္ကဆံဘုရားဝင်း […]

မိဘတွေမရှိတော့တဲ့နောက်ပိုင်း အနစ်နာခံ စောင့်ရှောက်ပေးခဲ့တဲ့ အမဖြစ်သူရဲ့အကြောင်းပြောလာတဲ့ စမိုင်းလ်

September 9, 2019 admin 0

သွက်လက်ထက်မြက်လွန်းတဲ့ အမူအယာတွေနဲ့ တစ်ချိန်က အနုပညာလောကမှာ အောင်မြင်စွာ ရပ်တည်နိုင်ခဲ့တဲ့ သရုပ်ဆောင် စမိုင်းလ်ကတော့ လက်ရှိမှာ အနုပညာအလုပ်တွေ မလုပ်ဖြစ်တော့ပေမယ့် ပရိသတ်တွေရဲ့ချစ်ခင်အားပေးခြင်းကို အပြည့်အဝရရှိထားဆဲပါပဲ။ လတ်တလောမှာတော့ စမိုင်းလ်က မိဘတွေ မရှိတော့တဲ့ နောက်ပိုင်းမှာ သူမကို အနစ်နာခံ စောင့်ရှောက်ပေးခဲ့တဲ့ အမဖြစ်သူရဲ့မွေးနေ့အတွက် ဆုတောင်းပေးရင်း ကျေးဇူးတင်စကား ဆိုထားခဲ့တာ […]

လှပမှုအပေါင်းသရဖူဆောင်းထားတဲ့ အလှဘုရင်မလေး အိန္ဒြာကျော်ဇင်ရဲ့ ပွဲတက်ပုံရိပ်

September 9, 2019 admin 0

အနုပညာလောကထဲကို အလှမယ်တစ်ဦးအဖြစ် ဝင်ရောက်လာခဲ့ပြီး လျှမ်းလျှမ်းတောက် နာမည်ကြီးလာခဲ့တဲ့ မင်းသမီးချောလေး အိန္ဒြာကျော်ဇင်ကို ပရိသတ်တွေအားလုံး ကြိုက်နှစ်သက်ကြမယ် ထင်ပါတယ်။ အိန္ဒြာကျော်ဇင်က အနုပညာပါရီထူးချွန်ပြီး ကျရာဇာတ်ရုပ်ကို စိတ်ရောကိုယ်ပါနစ်ပြီး သရုပ်ဆောင်တတ်တာကြောင့် အကယ်ဒမီဆုကြီး နှစ်ဆုတိတိ ထိုက်ထိုက်တန်တန် ဆွတ်ခူးရရှိထားတာ ဖြစ်ပါတယ်။ အိန္ဒြာကျော်ဇင်က လက်ရှိမှာလည်း သူမချစ်တဲ့ အနုပညာလုပ်ငန်းတွေကို ဆက်တိုက်လုပ်ကိုင်နေတာ […]

မလိုချင်လို့ စွန့်ပစ်ခဲ့တဲ့လူတွေကို ခပ်ပါးပါးလေး ချေလိုက်တဲ့ မေမေအေသင်

September 9, 2019 admin 0

အေသင်ချိုဆွေကတော့ ဆယ်ကျော်သက်လောက်တည်းက ပရိသတ်ပါးစပ်ဖျားမှာရေပန်းစားခဲ့တဲ့ သီချင်းတွေထဲက အဆိုရှင်တစ်ယောက်ပဲ ဖြစ်ပါတယ်။ အောင်မြင်တဲ့အဆိုရှင်တစ်ယောက်ဖြစ်တဲ့အပြင် ပရိသတ်တွေချစ်ခင်အားပေးခံခဲ့ရတာပဲ ဖြစ်ပါတယ် ။နှစ်အနည်းငယ်လောက်အနုပညာအလုပ်တွေမလုပ်ပဲပျောက်ကွယ်သွားပေမယ့် Single Mother အဖြစ်ရဲရဲဝံ့ဝံ့ ပရိသတ်တွေရှေ့ ပြန်ရောက်လာခဲ့ပြီး အနုပညာအလုပ်တွေကိုကြိုးကြိုးစားစားပြန်လုပ်နေတာပဲ ဖြစ်ပါတယ်။ သြဂုတ်လ(၁)ရက်နေ့ကတော့ အေသင်ရဲ့(၂၆)နှစ်ပြည့် မွေးနေ့ပဲ ဖြစ်ပြီး မွေးနေ့ဆုတောင်းပေးခဲ့တဲ့ ပရိသတ်တွေ မိတ်ဆွေတွေ များစွာ […]

ဈေးဝယ်လာသူတွေ ကြွေသွားလောက်စေမယ့် စကားလုံးနဲ့ မေမေနန္ဒာလှိုင်ရဲ့ ဆိုင်ဖွင့်ပွဲမှာ ဈေးကူရောင်းပေးလိုက်တဲ့ သမီးငယ်လေး

September 9, 2019 admin 0

သရုပ်ဆောင် မင်းသမီးချော နန္ဒာလှိုင်ကတော့ လက်ရှိမှာ ချစ်စရာကောင်းတဲ့ သမီးချောလေးသုံးယောက်နဲ့ ပျော်ရွှင်စရာကောင်းတဲ့မိသားစုဘဝလေးကို ရရှိပိုင်ဆိုင်ထားပြီ ဖြစ်ပါတယ်။ အိမ်ထောင်ကျပြီးကတည်းက အနုပညာအလုပ်တွေကို ရပ်နားထားခဲ့တဲ့ နန္ဒာလှိုင်က စီးပွားရေးလုပ်ငန်းတွေကို လုပ်ကိုင်နေရသလို သမီးလေးသုံးယောက်ကိုလည်း မိခင်ဝတ္တရားမပျက် ပြုစုစောင့်ရှောက်ပေးနေတာ ဖြစ်ပါတယ်။ Missha (Myanmar)ရဲ့တစ်ဦးတည်းသော ကိုယ်စားလှယ်ဖြစ်တဲ့ နန္ဒာလှိုင်က အခုဆိုရင် ဆိုင်ခွဲအသစ်တွေကို […]